top of page

1Day ~ 6Places in Loikaw trip by HYMO Vlog

Vlog Link >>>


ဒီ 𝚅𝚕𝚘𝚐 လေးကတော့ ကယားပြည်နယ် လွိုင်ကော် ကို သွားလည်ခဲ့တုန်းက (၁) ရက်ထဲနဲ့ (၆)နေရာ ကို လည်ခဲ့တဲ့ 𝚟𝚕𝚘𝚐 လေးပဲဖြစ်ပါတယ်။ video ထဲကနေရာတွေက


• ပန်ပက်စျေးကို သွားကြည့်ခဲ့တယ်။ U shape ပုံစျေးတန်းမှာ စျေးဆိုင်ခန်းအပြည့်ဖွင့်ထားကြပေမယ့် သိပ်မစည်ဘူး။ တီမောစိုးစျေးပိတ်ရက်နဲ့ ကြုံလို့ အရမ်းစည်တဲ့ တီမောစို့စျေး ကိုတော့ မရောက်ခဲ့လိုက်ရဘူး။


• ငွေတောင်ဆည်

ရန်ကုန်က အင်းယားကန်ဘောင်လိုပါပဲ။ အရမ်းထူးခြားလှကြီးလို့ မခံစားမိဘူး။ ကန်ဘောင်ရေပြင်ကျယ်နဲ့ သန့်သန့်ရှင်းရှင်းလေးရှိနေတာပါပဲ။


• ထီးပွင့်ကန်- ထီးပွင့်တာမတွေ့ခဲ့ရပေမယ့် ထီးပွင့်ကန်နားက ပဲ ကန်လေးရယ် ကန်စပ်နားက သစ်ငုတ်ပင်လေးရယ်က လွမ်းစရာဖြစ်လို့ ဓာတ်ပုံရိုက်ခဲ့တယ်။


• ကန်(၇)ဆင့်

ကန်ခုနှစ်ဆင့်လို့ ခေါ်တဲ့နေရာ နံပါတ်(၆) ကန်မြောက်ကန်ကိုပဲ သွားလို့ရတယ်။ အဲ့ကန်ရေပြင်ကျယ်နားမှာ ဓာတ်ပုံရိုက်လို့အရမ်းလှပြီး လေကောင်းလေသန့်ရှူလို့ကောင်းပါတယ်။


• လောပိတာ view point - စက်ရုံသို့ နဲ့ ရိပ်သာသို့ဆိုပြီး လမ်းခွဲ၂ခုရှိပြီး - ရိပ်သာသို့ဆိုတဲ့ ဆိုင်းဘုတ်အတိုင်းဝင်ရပါတယ်နော်။ ဝင်လာပြီးမှ view point ဆိုတဲ့ ဆိုင်းဘုတ်ကိုထပ်တွေမှာပဲဖြစ်ပါတယ်။

သွားရတာဝေးပေမယ့် ရောက်သွားတဲ့အခါ အမောပြေပြီး လောပိတရေအားလျှပ်စစ်ရုံ (၂) နဲ့ ရေတံခွန်ကိုလှမ်းတွေ့ရတာ၊ သစ်ပင်တောတောင်တွေက စိမ်းလန်းနေတာပဲ။


တခြားသောနေရာတစ်ချို့မရောက်ဖြစ်ဘူး။ ကြတ်ဂူကိုသွားဖို့ စိတ်မပါတာနဲ့ လောပိတ viewpoint ဘက်သွားပြီးအချိန်ပေးလိုက်တယ်။

လောပိတ ရေအားလျှပ်စစ်စက်ရုံ (၂) ကိုသွားချင်ရင် ဟိုး လောပိတကိုသွားဖို့ စစဝင်ဝင်ချင်း တပ် ဂိတ်မှာထဲက ဝင်ခွင့်ကဒ်ပြားပါမှ စက်ရုံသွားတဲ့ လမ်းဘက်ကို ဝင်လို့ရတာပါနော်။ ခွင့်ပြုကဒ်မပါရင် လျှပ်စစ်ဓာတ်အားပေး စက်ရုံက ပေးမဝင်ပါဘူးရှင့်။ သွားမောဖြစ်နေမှစိုးလို့ပါ။ သာမာန်အားဖြင့်တော့သွားမလည်ကြပါဘူး။


HYMO တို့ လွိုင်ကော်မှာတော့ Hotel Loikaw မှာပဲတည်းခဲ့ပါတယ်။ မိသားစုနဲ့သွားတာလည်းဖြစ်တော့ သူတို့စီစဉ်ပေးထားတာလည်း သီးသန့် ဘန်ဂလိုလေးဖြစ်ပြီး ဟိုတယ်က ကန်ဘေးနားမှာ ဆောက်ထားလို့ လေကောက်းလေသန့်ရရှိပြီး နေခဲ့ရတာသီးသီးသန့်သန့်နဲ့ တိတ်ဆိတ်ပါတယ်။

One Day - Six Places in Loikaw Trip Vlog


One Day - Six Places in Loikaw Trip Vlog

 
 
 

Comments


Post: Blog2_Post

09420706100

Subscribe Form

Thanks for submitting!

©2020 by HYMO Vlog. Proudly created with Wix.com

bottom of page