#ပင်လယ်စာကျွန် စားသောက်ဆိုင်
- HYMO Vlog
- Apr 7, 2020
- 1 min read
နေပြည်တော် သီရိအနော်ရထာ(၂)လမ်း၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈၉/၉၀) မှာဖွင့်လှစ်ထားတဲ့ " ပင္လယ္စာ ကၽြန္း " ပင်လယ်စာကျွန်းစားသောက်ဆိုင်မှာ ပင်လယ်စာမျိုးစုံကို အရသာရှိရှိ၊ သန့်ရှင်းလတ်ဆတ်စွာ စားခဲ့ရလို့အရသာကောင်းမွန်တဲ့ညစာလေး ဖြစ်ခဲ့ပါတယ်။
နေပြည်တော်မှာတော့ ဒီဆိုင်လေးက နာမည်ကြီးပဲ။ ဆိုင်အတွင်းမှာလည်း သန့်ရှင်း၊ သပ်ရပ်ပြီးကျယ်ဝန်းတာကြောင့် အေးအေးဆေးဆေးရှိပါတယ်။
HYMO နေပြည်တော်ရောက်တုန်း မသွားမဖြစ် အသွားချင်ဆုံး Favorite Restaurant တစ်ခုဖြစ်ပါတယ်။ ဆိုင်ရှင် အစ်မ ချစ်စရာကောင်းတဲ့ Ma Boge နဲ့လည်း ဆုံဖြစ်ခဲ့တဲ့ညလေးပါ။ HYMO ရဲ့ Seafood Crazy သူငယ်ချင်းတွေလည်း အကြိုက်တွေ့ စားချင်ကြမယ်လို့ထင်ပါတယ်။ နေပြည်တော်က ဘော်ဒါတွေရော ထပ်သွားစားဖြစ်အောင် တင်ဆက်လိုက်ပါတယ်။
#HYMO #HYMO_Vlog #HYMO_Food_Vlog #PinLalSarKyun #NayPyiTaw #ပင်လယ်စာကျွန်း #နေပြည်တော် Youtube Link Here 👇🏻👇🏻👇🏻 https://youtu.be/LrLlTWPSNKk
#PinLalSarKyun #NayPyiTaw #ပင်လယ်စာကျွန်း #နေပြည်တော်
Kommentare