#DeeDot Waterfall
- HYMO Vlog
- May 1, 2020
- 1 min read
🚘ဒီးဒုတ်ရေပြာအိုင်က မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ သွားတဲ့ အတက်လမ်းကနေ တဆင့် သွားရပါတယ်။
ဒီးဒုတ်ရေပြာအိုင် ကို မြေသား မညီညာ ကြမ်းတမ်းတဲ့ ကျောက်တုံးချောချောတွေနဲ့ အတက်အဆင်းခက်တာရယ်၊ တချို့နေရာတွေက တောင်တက်ရတာ မတ်ဆောက်တာကြောင့် တောင်တက်ဖိနပ် (သို့) လမ်းလျှောက်လို့ကောင်းတဲ့ ဖိနပ်တွေ ဝတ်စေချင်ပါတယ်။
⛰(၃)ထပ်၊ (၅)ထပ်၊ (၁၀)ထပ် ရေတံခွန် ဆိုပြီး ရှိပါတယ်။
တောင်ပေါ်ရောက်လေ ရေပိုကြည်လေဖြစ်ပါတယ်။
#HYMO ရောက်တဲ့အချိန်က ရေကစားသွားတဲ့သူတွေရှိတာမို့ ရေတွေကနောက်ကျိနေပါတယ်။
#HYMO တို့ ဘယ်လိုတွေ တက်ခဲ့ရလဲ ဆိုတာ video လေးကို ဆက်လက်ကြည့်ရှူပေးကြပါဦးနော်။
Covid ကြောင့် lockdown ဖြစ်နေချိန် စိတ်အပန်းဖြေဖို့ရာ ရည်ရွယ်ပြီး ၊ ကမ္ဘာကြီးကျန်းမာလာရင် အရင်လို ခရီးတွေသွားဖို့ရာ #HYMO_Vlog ကနေ တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ Video လေးကို like & share လေးလုပ်ပြီး ဘယ်သူနဲ့ခရီးသွားချင်လည်းဆိုတာ ရေးခဲ့ပေးနော်။
နောက်ထပ် vlog တွေလည်း တင်ဆက်သွားပါဦးမယ်ရှင့်။
အားလုံးကျန်းမာကြပါစေ။
Youtube link >>>https://youtu.be/SyWI2Ts2qgY
#DeeDot Waterfall #HYMO_Vlog#ဒီးဒုတ်ရေပြာအိုင်#ရေတံခွန်
Comments