#Kyaukse #Dattawtaung
- HYMO Vlog
- May 1, 2020
- 1 min read
ကျောက်ဆည်ခရိုင်၊ ဓာတ်တော်ကတိုးရွာ၌ တည်ရှိသည့်⛰️#ဓါတ်တော်တောင်
⛰တောင်တက်အသွား ခြေလျှင် (၁) နာရီကြာပြီး အဆင်းကိုတော့ မိနစ် (၂၀) ကြာပါတယ်]
တောင်ပေါ်တွင် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ တစ်ပါးသာသတင်းသုံးနေထိုင်သော နေရာဖြစ်သည်။ ဆရာတော်ကြီး၏ ဘုန်းတန်ခိုးများကြောင့် အလှူရှင်များစွာ ပေါ်ပေါက်ကာ တောင်ပေါ်တွင် သိမ်၊ ကျောင်း၊ ဇရပ် နှင့် စေတီများ လှိူင်ဂူတော်တွင်းရှိ ဘုရားများ နှင့် စူဠာမဏိစေတီတော် စသည့် ခန့်ညားသပ္ပါယ်လှသည့် အဆောက်အအုံစေတီပုထိုးများကို မြင်တွေ့ရမည်ဖြစ်သည်။
ဓာတ်တော်တောင်ပေါ်က လှိုင်ဂူကြီးက တကယ်ကို ထူးခြားပြီးအံ့ဩရတဲ့ လှိုင်ဂူကြီးလည်းဖြစ်တယ်။ တောင်ပေါ်မှာအေးချမ်းပြီး တကယ် တရား အားထုတ်ချင်တဲ့ သူတွေရှိရင် ဓာတ်တော်တောင်ကတော့ ထူးခြားတယ်ဆိုတာ ကိုပြောချင်ပါတယ်။ စူဋ္ဌာမဏိလောကချမ်းသာစေတီဆိုရင်ဖြင့် နံနက်ပိုင်းဆိုရင် တိမ်တွေပေါ်မှာဖြစ်နေလို့ အရမ်းသပ္ပါယ်တဲ့ စေတီတစ်ဆူလည်းဖြစ်ပါတယ်။
နောက်ပြီး ဘုရားဖူးလာရောက်သူတိုင်းကို ဆရာတော်က နေ့လည်စာတည်ခင်းဧည့်ခံပါသည်။ ရာသီပွဲတော်အချိန်အခါကျရောက်လျှင် ထိုဓာတ်တော်တောင်ခြေမှ တောင်ပေါ်ထိ လူများစည်ကား၍ တိုးမပေါက်ကာ လာရောက်ဖူးမျှော်ကြသည်။
ဖားအောက်ဆရာတော်ဘုရားကြီး ငယ်ရွယ်စဉ်ရဟန်းဘဝက တရာအားထုတ်ရန် ဆန္ဒပြင်းပြခဲ့သည့် ဓာတ်တော်တောင် လိုဏ်ဂူဘုရားဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိရသည်။

Comments